တော်လှန်ရေးတပ်တွေကိုစိန်ခေါ်တဲ့ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

0 89
0 89

မြေလတ်အသံ၊ စက်တင်ဘာ ၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က စစ်ကော်မရှင်တပ်ကိုသတင်းပေးနေတဲ့ အမျိုးသား ၁ ဦးကို ပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းအမှတ် ၃၈ဝ၂၊ တပ်ခွဲ ၆ က စက်တင်ဘာ ၇ ရက် ဒီနေ့မှာထုတ်ပြန်ပါတယ်။

သေဆုံးသူဟာ ဖလန်ပင်ကျေးရွာမှာနေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးမြင့်ရွှေဖြစ်ပြီး စက်တင်ဘာ ၅ ရက် ည ၆ နာရီကျော်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“လင်မယား ၂ ယောက်နဲ့ မြေး ၂ ယောက်က အိမ်ထဲမှာရှိနေလို့ မြင့်ရွှေ ကို အိမ်အပြင်ခေါ်ထုတ် ရှင်းလင်း လိုက်ပါတယ်။ သူက ရွာကလူငယ် ၂ ယောက်ကို မှတ်ပုံတင်လုပ်ပေးမယ်လို့ လိမ်ခေါ်သွားပြီး **တပ်ထဲ ထည့်လိုက်တာ။ နောက်ပြီး ဘယ်အဖွဲ့တွေလာလာ ဂရုမစိုက်ဘူးဆိုပြီး စိန်ခေါ်တယ်” လို့ သာယာဝတီခရိုင်တပ်ရင်းအမှတ် ၃၈ဝ၂၊ တပ်ခွဲ ၆ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဦးမြင့်ရွှေဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကော်မရှင်တပ်ထံ သတင်းပေးတာ၊ ဘယ်တော်လှန်ရေးအဖွဲ့လာလာ ဂရုမစိုက်ဘူးဟုဆိုပြီး စိန်ခေါ်တာ၊ လူငယ်တွေကို စစ်တပ်ထဲကိုလိမ်လည်ထည့်ကာ ရောင်းစားတာတွေကို လုပ်ဆောင်နေသူဖြစ်တာကြောင့် အခုလိုအရေးယူလိုက်ရတာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၂၇ ရက်ကလည်း အုတ်ဖို မြို့နယ်၊ စဉ့်ကူးကျေးရွာမှ စစ်ကော်မရှင်တပ်ဆီ သတင်းပေးလုပ်နေသူ မျိုးမင်းသူ ဆိုသူကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ပစ်ခတ်ရှင်းလင်းပြီး ၎င်းထံမှ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။