ရေတာရှည်အနီး လှုပ်ခတ်ခဲ့တဲ့ငလျင် ပြင်းအား ၄.၉ ရှိခဲ့ပြီး ဒေသခံတွေ ငလျင်ဒဏ်သိသိသာသာခံစားခဲ့ရ

0 18
0 18

ရေတာရှည်၊ စက်တင်ဘာ ၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အနောက်တောင်ဘက် ၉ မိုင်ခန့်အကွာမှာ ဗဟိုပြုပြီး ပြင်းအား ၄.၉ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၇ ရက် ဒီမနက် ၉ နာရီ ၄၇ မိနစ်ခန့်မှာမြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုပြီးလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

“အနက်တိမ်တော့ လှုပ်ရှားမှုသိသိသာသာခံစားရတယ်။ လှုပ်တာကတော့ခဏပဲ။ ၄ စက္ကန့်လောက်ရှိမယ်။ ပျက်စီးမှုတော့မရှိနိုင်ဘူး။ အထပ်မြင့်မှ မရှိတာကိုး။ ရေတာရှည်အနီး လှုပ်တဲ့နေရာကလည်း ရွာတွေဆိုတော့။ “လို့ တောင်ငူအခြေစိုက်လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ငလျင်လှုပ်ခတ်တာကို တောင်ငူ၊ ရေတာရှည်၊ နေပြည်တော်၊ အုတ်တွင်းနဲ့ဖြူးမြို့နယ်ရှိ ဒေသခံတွေ ခံစားသိရှိလိုက်ကြရတယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားကြပါတယ်။

“လှုပ်တာတော့သိလိုက်တယ်။ ငလျင်ဆို လန့်နေတာ။ ပျက်စီးဆုံးရှုံးမှုတော့ မရှိဘူး။ အလွန်ဆုံး ၈ စက္ကန့်လောက်တော့ခံစားရတယ်။ ဝုန်းဒိုင်းပဲ”လို့ ရေတာရှည်မြို့ခံတဦးက ပြောပါတယ်။

အဆိုပါငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး ပျက်စီးမှုရှိ၊ မရှိကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

စက်တင်ဘာ ၅ ရက်ကလည်း မတ္တရာမြို့ရဲ့အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကနေ ပြင်းအား ၃. ၅ ရစ်(ခ်)တာစကေးရှိ ငလျင်လှုပ်ခတ်သွားပါသေးတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ဒီကနေ့အထိ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၂၂၉ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။