တန့်ဆည်မှာ ရေပေါ်ဆီအနုပညာရှင်များ အလိုမရှိကြောင်း ဆန္ဒပြ

0 3
0 3

တန့်ဆည်၊ မတ် ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတရွာမှာ မတ်လ ၁၈ ရက်ဒီမနက်ပိုင်းက တန့်ဆည်ပင်မသပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ရေပေါ်ဆီအနုပညာရှင်တွေ အလိုမရှိကြောင်း ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ဘက်က မရပ်တည်တဲ့ အနုပညာရှင်တွေ၊ ရေပေါ်စီ အနုပညာရှင်တွေ၊ ကြားနေ အနုပညာရှင်တွေကို လုံးဝအလိုမရှိကြောင်း ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် “စစ်ကောင်စီတပ်နဲ့ပူးပေါင်းတဲ့ အနုပညာရှင်မှန်သမျှ ဆန့်ကျင်ကြ” စာတန်းပါ ဘန်နာတွေ ကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ သပိတ်စစ်ကြောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။