myaelatt athan

Sharing Information to the Local

တစိုးရွာကိုဝင်တဲ့ စစ်ကြောင်းက ဒေသခံ ၅ ဦးကိုသတ်ပြီး ရွာမှာတပ်စွဲနေ

0 86
0 86

နွားထိုးကြီး၊ ဩဂုတ် ၁၈၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တစိုးကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေက အသက် ၇၆ နှစ်အရွယ် ဦးသန်းအောင်၊ ၆၃ နှစ်အရွယ် ဒေါ်ဝင်းကြည်၊ ၄၆ နှစ်အရွယ် ဦးပြုံးချို၊ ၆၀ နှစ်အရွယ် ဒေါ်မြင့်ခိုင်၊ ၄၇ နှစ်အရွယ် ဒေါ်အေးတို့ဖြစ်ပြီး ဩဂုတ် ၁၆ ရက်မှာ ကျေးရွာအပြင်ဘက် တဲတိုက်အတွင်းမှာ ပစ်သတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

“အဲ့နားက ကလေး ၁ ယောက်က ဗိုက်ဆာလို့ဆိုပြီး ထမင်းပြန်စားဖို့ဆိုပြီးတဲထဲဝင်တာ။ မရှိတာနဲ့ ဗုံးခိုကျင်းထဲရှိမလားဆိုပြီး ဝင်ရှာရာကနေ မျက်လုံးစည်းလျက်တွေ လက်ပြန်ကြိုးတုပ်လျက်တွေနဲ့ သေနေတာ။ အကောင်တွေတောင်တက်နေပြီတဲ့ ပစ်သတ်ခဲ့တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

ဩဂုတ် ၁၅ ရက်ညပိုင်းမှာ ရမခ ဘက်တံဆိပ်ပါ အင်အား ၂၀၀ ကျော်ပါတဲ့စစ်ကြောင်းက တစိုးကျေးရွာကိုရောက်ရှိလာပြီး ဒေသခံတွေကိုပစ်သတ်ပြီးနောက် ဩဂုတ် ၁၈ ရက်အထိ ကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းရှိနေသေးတာကြောင့် ဒေသခံတွေက ကျေးရွာတွေကိုပြန်မဝင်နိုင်သေးဘဲ သေဆုံးသူတွေရဲ့ အလောင်းတွေကိုလည်း မကောက်ယူနိုင်သေးဘူးလို့ သိရပါတယ်။

စစ်ကြောင်းထိုးပြီး တပ်အထိုင်ချထားလို့ တစိုး၊ ရွာကြီး၊ လက်ဝဲမြင်းနီ၊ မလယ်၊ သဲတော၊ ကျောက်ဆည်၊ စိန်ပန်းကျင်း၊ အပါအဝင် ကျေးရွာ ၁၀ ရွာ ခန့်က ဒေသခံ ၅,၀၀၀ ဝန်းကျင် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ဩဂုတ် ၂ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ သန်းပင်လှကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။