myaelatt athan

Sharing Information to the Local

အင်အားရာကျော်ပါစစ်ကြောင်းက သဲကုန်းမှာစစ်ကြောင်းထိုးပြီး ရွာ ၃ ရွာကိုမီးရှို့

0 67
0 67

မြေလတ်အသံ၊ သြဂုတ် ၁၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံတွေလည်းထွက်ပြေးနေကြရတယ်လို့ ပြည်ခရိုင်အမှတ် ၁ တပ်ရင်း ၃၆၀၁ တပ်ခွဲ ၂ Royal Tiger Force မှ တပ်ဖွဲ့ဝင် Ronnie ကပြောပါတယ်။

သြဂုတ် ၁၂ ရက်မှာ ဓားသွေးကျောက်ရွာက နေအိမ် ၁၄ လုံး၊ သြဂုတ် ၁၃ ရက်မှာ သရက်ကိုင်းရွာက နေအိမ် ၃လုံးမီးရှို့ခဲ့ပြီး သြဂုတ် ၁၄ ရက်မနက်ပိုင်းမှာလည်း ရုံးပင်တက်ရွာကို ဝင်ရောက်မီးရှို့နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – သြဂုတ် ၁၂ ရက်မှာ ဓားသွေးကျောက်ရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့စဥ်။

“ရုံးပင်တက်ရွာကို အခုမနက် ၇ နာရီခန့်လောက်ကမီးစရှို့ခဲ့တာပါ။ အခု အချိန်ထိရှို့နေကြတုန်းပါပဲ။ လက်နက်ကြီးတွေနဲ့လည်း ပတ်ပတ်လည်ပစ်ခတ်နေပါတယ်။”လို့ ပြည်ခရိုင်အမှတ် ၁ တပ်ရင်း ၃၆၀၁ တပ်ခွဲ၂ Royal Tiger Force မှ တပ်ဖွဲ့ဝင် Ronnie ကပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၁ ရက်မနက်ပိုင်းမှာ သဲကုန်းမြို့ပေါ်ကနေ သစ်နီတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၂၀ ဝန်းကျင်က ဖောကား ၅ စီးနဲ့ ၁ ကြိမ်၊ ဖောကား ၂ စီးနဲ့ ၁ ကြိမ် ရောက်ရှိလာခဲ့ပြီးနောက် ကျေးရွာတွေကိုအခုလို စစ်ကြောင်းထိုးမီးရှို့နေတာလို့ ဆိုပါတယ်။

ပုံစာ – သြဂုတ် ၁၂ ရက်မှာ ဓားသွေးကျောက်ရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့စဥ်။

အဲ့ဒီစစ်ကောင်စီတပ်တွေစတင်စစ်ကြောင်းထိုးလာတဲ့ သြဂုတ် ၁၁ ရက် ညနေ ၆ နာရီမှာ ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ သဲကုန်း၊ ပေါင်းတည်ပကဖ အဖွဲ့ ၃ ဖွဲ့တို့က ရုံးပင်တက်ရွာအနောက်ကုန်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့တယ်လို့ သြဂုတ် ၁၂ ရက်မှာ ပြည်ခရိုင်ပကဖ ကထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။