myaelatt athan

Sharing Information to the Local

ရဲဘော်တွေလွတ်မြောက်ဖို့ စစ်ကောင်စီတပ်ကို ခံပစ်ရင်း အသက် ၂၀ အရွယ် PDF ၁ ဦးကျဆုံး

မကွေး၊ မတ် ၇၊ ၂၀၂၃။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ကျောက်ထုလမ်းပိုင်းတနေရာက တိုက်ပွဲကို စစ်ကူသွားရောက်တဲ့ အသက် ၂၀ အရွယ် PDF လူငယ် ၁ ဦး မတ်လ ၆ ရက် မနေ့နေ့လည်ပိုင်းက ကျဆုံးခဲ့တယ်လို့ The Youth Force (Saw & Kyaukhtu) အဖွဲ့ဆီက သိရပါတယ်။

PDF တွေ စစ်ကူသွားရောက်ချိန် စစ်ကောင်စီတပ်တွေဘက်က ချောင်းမြောင်းပစ်ခတ်တာကြောင့် ကျဆုံးရဲဘော် ဇင်ဖြိုးလွင်က အခြားရဲဘော်တွေ လွတ်မြောက်ရေးအတွက် ခံပစ်ပေးရင်းကနေ ကျည်ထိမှန် ကျဆုံးခဲ့ရတာလို့ The Youth Force (Saw&Kyaukhtu)တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတာ။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတာ။ အဲဒီရဲဘော်က ကျန်တဲ့ရဲဘော်တွေအတွက် ခံပစ်ရင်းနဲ့ ကျဆုံးသွားတာ” လို့ ပြောပါတယ်။

ကျဆုံးရဲဘော် ဇင်ဖြိုးလွင်ရဲ့ ဈာပနကိုတော့ မနေ့ညနေပိုင်းမှာပဲ သင်္ဂြိုလ်ခဲ့တာဖြစ်ပြီး ကျဆုံးချိန်မှာ မိဘတွေကျန်ခဲ့တယ်လို့ သိရပါတယ်။

ရဲဘော် ဇင်ဖြိုးလွင် ကျဆုံးမှုဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ကို ခုခံတော်လှန်စစ်အတွင်း The Youth Force (Saw&Kyaukhtu)အဖွဲ့ရဲ့ ပထမဆုံး ကျဆုံးမှု ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။