myaelatt athan

Sharing Information to the Local

ရွေးကောက်ပွဲအောင်မြင်ရေး ကျန်းမာရေးဝန်ထမ်းတွေ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ စစ်ကော်မရှင်ဝန်ကြီး ပြော

0 21
0 21

မြေလတ်အသံ၊ ဩဂုတ် ၉၊ ၂၀၂၅။

ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ စစ်ကော်မရှင်လက်အောက် ကျန်းမာရေးဌာနဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက မှာကြားပြောဆိုလိုက်ပါတယ်။

ဩဂုတ် ၈ ရက်က နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနရုံးမှာပြုလုပ်တဲ့ ကုတင် ၁၀၀ နဲ့အထက်ဆေးရုံအုပ်ကြီးတွေနဲ့ အထူးကုဆရာဝန်တွေကို တွေ့ဆုံပွဲမှာ စစ်ကော်မရှင်ဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။

ဒေသအလိုက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ “မကြာမီမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဥ်များ အောင်မြင်စေရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” ဆိုကာ ၎င်းက မှာကြားပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဆောင်ကြဖို့နဲ့ မလိုက်နာရင် ထိရောက်တဲ့အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ဩဂုတ်လဆန်းပိုင်းမှာ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်တပ်နဲ့လက်အောက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ Non CDM ဝန်ထမ်းတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက အဓိကပါဝင်ဆောင်ရွက်နေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ထုတ်ပြန်သတိပေးထားပါတယ်။

စစ်ကော်မရှင်က အခုနှစ်ကုန်ပိုင်းမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပြီး ရွေးကောက်ပွဲကို နယ်မြေအလိုက်ခွဲပြီး လုပ်ဆောင်မှာဖြစ်ကြောင်းပြောဆိုထားကာ ဝင်ရောက်ယှဥ်ပြိုင်မယ့်ပါတီ ၅၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။