သပိတ်ကျင်းမြို့နေရာတချို့ကို တော်လှန်ရေးတပ်တွေလက်လွှတ်လိုက်ရပြီး စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာ

0 70
0 70

သပိတ်ကျင်း၊ ဇူလိုင် ၂၃၊ ၂၀၂၅။

တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ရဲ့နေရာတချို့ကို ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇူလိုင် ၂၂ ရက် ညပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ သပိတ်ကျင်းမြို့ကိုကာထားတဲ့စစ်ကြောင်းတွေကို စစ်ကောင်စီတပ်က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး မြို့တွင်းနေရာတချို့အထိ ဝင်ရောက်လာနိုင်ခဲ့တာလို့ သိရပါတယ်။

သပိတ်ကျင်းမြို့ကို ၂၀၂၄၊ ဩဂုတ်လမှာ တော်လှန်ရေးတပ်တွေကသိမ်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီကာလကတည်းက ၇ မိုင်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းကနေ သပိတ်ကျင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာပါ။ အဲ့ဒီနောက်တပ်အင်အားတွေထပ်မံဖြည့်တင်းပြီး ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်လာရာက ၁ နှစ်နီးပါးအကြာ ယမန်နေ့ညပိုင်းမှာ ပြန်လည်လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ မန္တလေးတိုင်းအတွင်းက ၁၀၂၇ စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းယူထားတဲ့ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့နဲ့ လမ်းကြောတခုထဲမှာရှိပြီး စစ်ရေးဗျူဟာအရအရေးပါတဲ့ မြို့နယ်ဖြစ်ပါတယ်။

ဒီမြို့နယ်ကနေ မိုးကုတ်ကို စစ်တပ်က ထိုးစစ်ဆင်လာနိုင်သလို မတ္တရာမြို့ဘက်ကနေ စဉ့်ကူးမြို့ နယ်ကို ဆက်လက်ထိုးစစ်ဆင်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားပါတယ်။ တဖက်မှာလည်း စစ်တပ်က ဒီမြို့နယ်တွေကို ဖြတ်သန်းနိုင်တဲ့ ဧရာဝတီမြစ်လမ်းကြောင်းကိုသုံးကာ ထိုးစစ်ဆင်တာတွေပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ၎င်းတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သပိတ်ကျင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဓာတ်ပုံတွေနဲ့တကွရေးသားဖော်ပြနေပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။