ပေါက်နယ်က ပျူစခန်းကို ဝင်တိုက်ပြီး စစ်သား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့ဟုဆို

0 4
0 4

ပေါက်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုရွာရှိ စစ်သားနဲ့ ပျူစောထီးတွေရဲ့ တပ်စခန်းကို ဖေဖော်ဝါရီလ ၂၂ ရက် ဒီမနက် ၅ နာရီခန့်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား၂ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခန့်မှန်းအင်အား ၃၀ ကျော်ရှိတဲ့ အဲ့ဒီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ၅ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ M7 People’s Defense Army မှ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ပြောပါတယ်။

“ကျနော်တို့ စခန်းထဲက ဘန်ကာတွေကို ဖြိုဖျက်ဖို့ လုပ်နေတဲ့အချိန်မှာ လေယာဥ်တစီးရောက်လာလို့ ပြန်ဆုတ်ခဲ့ရတယ်။ စကစနှစ်ယောက် သေတာကိုတော့ မျက်မြင်တွေ့ခဲ့ရတာ။ ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်။ လေယာဥ်သာ မရောက်လာခဲ့ရင် စခန်းကိုသိမ်းပိုက်နိုင်တယ်”လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

စခန်းကို ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီဘက်မှ Mi35 ရဟတ်ယာဥ်တစီး စစ်ကူရောက်ရှိလာပြီး ၁၀ မိနစ်ကျော်ကြာ ပစ်ခတ်ခဲ့ပေမယ့် ရဲဘော်တွေ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့တယ်လို့ ဗိုလ်မြတ်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ စစ်ဒေသ ၂၀၂ M7 PEOPLE’S DEFENSE ARMY၊ God Of Mying၊ ဗိုလ်စကား ပြောက်ကျားတပ်ဖွဲ့၊ ပေါက်မြို့နယ် တပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်မှာလည်း ပုလဲမြို့ရဲစခန်းရဲ့ တောင်ဘက်ကို ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ၁ နာရီကြာ အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ခဲ့တာကြောင့် စစ်အုပ်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။