ဝက်လက်၊ လှတောရွာကို ဓါးပြဝင်တိုက်တဲ့ PDF တွေကို ဖမ်းမိ

0 775
0 775

◼ ဓါးနဲ့ထိုးလို့ ဒေသခံအမျိုးသား ၁ ဦးပါ သေဆုံး

ဝက်လက်၊ ဇူလိုင် ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဓားပြဝင်တိုက်ခဲ့ပြီး ဓါးနဲ့ထိုးတဲ့အတွက် အမျိုးသား ၁ ဦးပါ သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိထားသူတွေဆီက သိရပါတယ်။

ဇူလိုင် ၁‌၃ ရက် မနေ့ည ၁၂ နာရီလောက်မှာ ကျေးရွာပကဖအဖွဲ့ဝင်တွေအပါအဝင် PDF လူငယ် ၁၁ ဦးက ‌‌‌‌‌‌‌‌‌‌‌‌‌လှတောကျေးရွာနေ မိသားစုနေအိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တာလို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ မိသားစုဝင် ၆ ဦး ရှိပြီး အသတ်ခံရတဲ့သူဟာ အသက် ၃၀ ဝန်းကျင်အရွယ် အိမ်ထောင်ဦးစီးအမျိုးသားဖြစ်တယ်လို့ သိရပါတယ်။

“ဓားနဲ့ အထိုးခံရတာ။ ဆေးရုံပို့ဖို့ သွားတဲ့အချိန် လမ်းမှာဆုံးတယ်လို့ သိရတယ်။”လို့ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပါဝင်သူတွေဟာ မိတ္ထီလာဒရုန်းတပ်က ၂ ဦး၊ အရာတော် PDF ၂ ဦး၊ ဝက်လက်မြိုနယ်၊ သခွတ္တော ကျေးရွာပကဖ ၂ ဦး အပါအဝင် တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ အဖွဲ့ဖြစ်ပြီး အမျိုးသမီး တပ်ဖွဲ့ဝင် ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

“တခြားအဖွဲ့ တွေကို နယ်ခံတွေက လှမ်းခေါ်တယ်လို့သိရတယ်။ ညနေ ၆ နာရီလောက်မှာ ဆုံကြတယ်။ စားသောက်ဆိုင်တခုမှာ စားသောက်ကြတယ်။ ည ၁၁ လောက်အထိ စား သောက်ကြပြီး ည၁၂ နာရီမှာ အိမ်ဝင်ကြတယ်။ အဲ့ဒါ ဓားပြတိုက်ပြီးတော့ အဲဒီစားသောက်ဆိုင်မှာ ပြန်စားသောက်ကြတယ်။ မနက် ၄နာရီ လောက်မှ ပိုက်ဆံတွေခွဲပြီး ပြန်ကြတယ်လို့ သိရတယ်။ ဓားပြတိုက်တဲ့အထဲ ပိုက်ဆံတွေ လည်းပါတယ်လို့ သိရတယ်။များတယ် သိန်း လေး၊ ငါး ခြောက်ရာလောက် ရှိမယ်။”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဓါးပြတိုက်ရာမှာပါဝင်သူတွေကို ဒီမနက် ၈ နာရီမှာ ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိမှာစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။