myaelatt athan

Sharing Information to the Local

ရေစကြိုမှာ စစ်ကောင်စီလမ်းကြောင်း ဗုံးကြဲတိုက်ခိုက်ခံရလို့ ၇ ဦးဒဏ်ရာရ

မကွေး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုနယ်အတွင်းမှာ တပ်သားအင်အားတိုးဖို့နဲ့ တပ်သားပြောင်းလဲဖို့လာတဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၈ က စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်မနေ့ကနေ့လည်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရှင်မတောင် တောင်ပေါ်ကိုလာတဲ့ စစ်ကောင်စီတပ်တွေကို ထန်းတိုကျေးရွာနဲ့ ချင်းယားကုန်းရွာအကြားမှာ အီနာဂါဗုံးသီး ၅ လုံးကို ဒရုန်းအသုံးပြုပြီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့− ရေစကြိုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်းအား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေသွားနေတဲ့ လမ်းတလျှောက်ကို ဒရုန်းနဲ့လိုက်လံတိုက်ခိုက် ခဲ့တာပါ၊ စစ်တွေ ၇ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားပြီး ဒဏ်ရာရတဲ့တွေကို ကားပေါ်ဆွဲ ခေါ်ဆောင်သွားတယ်လို့ စုံစမ်းသိရှိရတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၇ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပေမယ့် ဒီထိခိုက်မှုအရေအတွက်ကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − ရေစကြိုမြို့နယ်(ပ.က.ဖ)က ဒရုန်းတပ်သားတွေနဲ့အတူ MTRF၊ Young Force UG၊ သံမဏိသိန်းငှက်ပျောက်ကြားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာတောင်ဘက်ကို ကင်းပုန်းဝပ်လာတဲ့ ခလရ ၂၅၈ ကတပ်သားတွေကိုလည်း ရေစကြိုမြို့နယ် ပ.က.ဖ မှ ဒရုန်းတပ်သားတွေက ဗုံးကြဲချတိုက်ခိုက်ခဲ့ ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။