myaelatt athan

Sharing Information to the Local

သင်္ကြန်အကျနေ့မှာ ကနီကို အင်အားသုံးဗုံးကြဲလို့ ဥပုသ်စောင့်လာသူ ၁ ဦးအပါ ၃ ဦးသေဆုံး

0
0

ကနီ၊ ဧပြီ ၁၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၁၄ ရက်ဒီမနက်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းကနေ အင်အားသုံးဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကနီမြို့နယ်ထဲက မုဋ္ဌောအရှေ့ရွာ၊ မုဋ္ဌောအနောက်ရွာ၊ နတ်ကြီးရွာ၊ သမင်ခြံရွာ၊ ရွာသာရွာ၊ ဆူးလေကုန်းရွာတွေဘက်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သမင်ခြံရွာဘုန်းကြီးကျောင်းက ကိုရင် ၁ ပါးနဲ့ ဥပုသ်စောင့်လာသူ ၁ ဦး၊ မုဋ္ဌောရွာက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသား ၁ ဦးကပြောပါတယ်။

“အဲ့မှာ ကိုရင်လေး ၁ ပါးရယ် ပြည်သူ ၁ ဦးရယ်ပေါ့ အဲ့မှာ ၂ ဦး၊ မုဋ္ဌောမှာ ၁ ဦးပေါ့၊ လောလောဆယ် ကျနော်တို့ သိရတာကတော့ ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။ ဟိုဟာက ဘုန်းကြီးကျောင်းထဲကိုပစ်တာ ဥပုသ်စောင့်တဲ့ပြည်သူရော အဲ့မှာ ဒုံတပဝတ်နေတဲ့ကိုရင်လေးရော သေဆုံးသွားတာပါ။” လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က စက်တပ်လေထီး၊ Y12၊ Mi 35 စတာတွေနဲ့ အင်အားသုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး ခန့်မှန်း ဗုံးအလုံး ၂၀ လောက်ကြဲချခဲ့တာလို့ နောက်ထပ်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“လေကြောင်းက Y12 ရော ဂျက်ဖိုက်တာရော စက်တပ်လေထီးရော 35 ရောလာပစ်တာ။ ဗုံးကိုရော ကျည် ၂၀ ကျော်တာ၊ ပစ်သွားတာကတော့ Y12 က ၁၀ ကြိမ်ပေါ့၊ ၁ ကြိမ်ကို ၂ လုံးစီချသွားတော့ ဗုံးအလုံးရေ ၂၀ လောက်ရှိမှာ၊ သမင်ခြံရယ် မုဋ္ဌောရယ် အဲ့နေရာတွေကြဲသွားတာ၊ မုဋ္ဌောက အမျိုးသမီး ၁ ယောက် သေတယ်။” လို့ ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ဧပြီ ၁၃ ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။