စစ်မှုထမ်းသင်တန်းဆင်းတွေကို “နိုင်ငံရးကောင်းသွားပြီ စစ်မတိုက်ရတော့ဘူးဆိုကာ” လိမ်လည်ပြီး ရှေ့တန်းသို့ပို့နေကြောင်း ဖမ်းဆီးခံစစ်သားပြော (ရုပ်/သံ)

0 2
0 2

မြေလတ်အသံ၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။

စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားတွေကို “နိုင်ငံရေးကောင်းသွားပြီ၊ စစ်မတိုက်ရတော့ဘူး”ဆိုကာ လိမ်လည်ပြီး ရှေ့တန်းသို့ပို့ဆာင်နေတယ်လို့ အာရက္ခတပ်တော်-AA ထံမှာ ဖမ်းဆီခံထားရတဲ့ စစ်ကော်မရှင်တပ်သားက ပြောပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း ပဇီရွာစခန်းတိုက်ပွဲမှာ အာရက္ခတပ်တော်-AA က ဖမ်းဆီးရမိခဲ့တဲ့ ခလရ ၂၅၉ စစ်ကော်မရှင်တပ်သားရဲ့ ပြောဆိုချက်ရုပ်သံမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။

အဲ့ဒီစစ် ကော်မရှင်တပ်သားဟာ စစ်ကော်မရှင်တပ်က အဓမ္မစုဆောင်းခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားဖြစ်ပြီး ငဖဲမြို့နယ်စစ်မြေပြင်ကို ၂၀၂၅ နှစ်ကုန်ပိုင်းမှ ရောက်ရှိလာသူဖြစ်ပြီး လပိုင်းအတွင်းမှာပဲ ၎င်းနဲ့အတူ သင်တန်းဆင်းလာတဲ့ စစ်ကော်မရှင်တပ်သား ၅၀ ကျော်ကျဆုံးခဲ့ရပြီးနောက် ၎င်းကိုယ်တိုင်လည်းဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။