myaelatt athan

Sharing Information to the Local

တပ်မှူးငယ်သင်တန်းဆင်းတွေကိုလက်နက်တပ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲပါသူတွေကို ဂုဏ်ပြု (ရုပ်/သံ)

မုံရွာ၊ ဧပြီ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းမှာ တပ်မှူးငယ်သင်တန်းဆင်းတပ်ဖွဲ့၀င်တွေကိုလက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ဧပြီ ၆ ရက်ကပြုလုပ်ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း – ၃ ဆီကသိရပါတယ်။

မြေပြင်တပ်မှူးငယ်သင်တန်းဆင်း တပ်ဖွဲ့၀င် ၁၉ ဦးကို တပ်ရင်းရဲ့အတွေ့အကြုံရှိတဲ့ တပ်ဖွဲ့ဝင်တွေကပြန်လည်သင်ကြားပေးတာလို့ မုံရွာခရိုင်တပ်ရင်း-၃ရဲ့ ဘဘဏ္ဍာရှာဖွေရေးတာဝန်ခံ ရဲဘော်သစ်တောကပြောပါတယ်။

လက်နက်တပ်ဆင်ရာမှာတော့ တပ်ရင်းကစုဆောင်းဝယ်ယူထားတဲ့ လက်နက်တွေကိုတပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို မနက် ၁၀ နာရီကနေ ၁၁ ခွဲအထိ ပြုလုပ်ခဲ့ပြီး လက်နက်တပ်ဆင်တာအပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ ၄၃ ဦးကိုဂုဏ်ပြုလွှာပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးတပ်ဖွဲ့၀င် ၇ ဦးရဲ့ မိသားစုတွေကိုလည်း ငွေကျပ်သိန်း ၂၀ ဆီထောက်ပံ့ခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း-၃ရဲ့ ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ရဲဘော်သစ်တောကပြောပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။