မြိုင်၊ ဇူလိုင် ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ People’s Democratic Army – PDA မှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးအတွက် ကျဆုံးခြင်းရက်လည်ကို ဇူလိုင် ၂၃ ရက်မနေ့က ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
မြိုင်မြို့နယ်အတွင်းမှာ ရက်လည်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းကပ်၊ တရားနာတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ People’s Democratic Army – PDA တပ်ဖွဲ့ဝင်အုပ်စိုးက ပြောပါတယ်။
“စစ်ဒေသအသီးသီးမှာ လုပ်ခဲ့တာပါ၊ နေရာတိုင်းမှာပဲ ဘုန်းကြီးဆွမ်းကပ်ခဲ့တာပါ၊ ဘုန်းကြီးတွေ ပင့်ခေါ်တာတော့ မဟုတ်ဘူး၊ ဘုန်းကြီးကျောင်းတွေမှာပဲ ဘုန်းကြီးဆွမ်းကပ်တာပြုလုပ်ခဲ့တာ၊” လို့ ဆိုပါတယ်။
အသက် ၃၆ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ နဂါးဟာ ဇူလိုင် ၁၇ ရက်က လက်ဆည်ရဲစခန်း သိမ်းတိုက်ပွဲမှာကျဆုံးခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလအတွင်းမှာ People’s Democratic Army – PDA က တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP