မြေလတ်အသံ၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်းအခြေစိုက် တမူးခရိုင်အမှတ် ၂ တပ်ရင်းမှ အပတ်စဥ် ၁ စစ်သင်တန်းဆင်းပွဲကို တပ်ရင်းဌာနချုပ်မှာ အောင်မြင်စွာပြုလုပ်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် မနက် ၆ နာရီခွဲကနေ မနက် ၁၀ နာရီထိ ၄ နာရီကြာ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဩဂုတ်လဒုတိယပတ်ကစတင်ခဲ့တဲ့ဒီသင်တန်းကို ၄၅ ရက်ကြာ ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ရေးတပ်ဖွဲ့၀င် အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း တပ်ဖွဲ့၀င် ၆၆ ဦးတို့ပါ၀င်ခဲ့တယ်လို့ တမူးခရိုင်အမှတ် ၂ တပ်ရင်းမှ တပ်ရင်းမှူးက ပြောပါတယ်။