မြိုင်၊ မေ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲမှာ PDF တပ်စိတ်မှူး ၁ ဦးကျဆုံးခဲ့တယ်လို့ Earthquake People’s Defence Force က မေ ၁၅ ရက် ဒီနေ့မှာထုတ်ပြန်လာပါတယ်။
သေဆုံးခဲ့သူမှာ Earthquake People’s Defence Force မှ အသက် ၂၂ နှစ်အရွယ် တပ်စိတ်မှူး အသေးလေး ဖြစ်ပြီး မေ ၁ ရက်ကနေ ၆ ရက်အတွင်းဖြစ်ခဲ့တဲ့ မြိုင်မြို့နယ်ထဲတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ဆိုပါ တယ်။

“သူက မေလ ၂ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ ကျဆုံးခဲ့တာပါဗျ။ ပွဲက အနီးကပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။”လို့ Earthqu ake People’s Defence Force မှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အသေးလေးဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေမှာလိုက်ပါခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဘက်ကို ကူးပြောင်းလာသူဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့ရုပ်အလောင်းကို မေ ၁၀ ရက်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မေ ၁ ရက်မှာ မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၄ တပ်ရင်းစစ်ကြောင်းကို ဒေသခံတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ရာ မေ ၇ ရက်မှာ အဆိုပါစစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့ မေ ၁၄ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က MA 1 သေနတ် ၁ လက်၊ ကျည် ၅၀၀ ကျော်၊ အခြားခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၈ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကိုတော့ ပကဖစုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁၄/၁၅/၁၇)၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
စာတည်း – လင်း