မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၅။
စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာရှိ စစ်ဘေးရှောင်တွေရှိနေတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို PDF စခန်းကို ရှင်းလင်းချေမှုန်းတာလို့ စစ်တပ်ထောက်ခံတဲ့တယ်လီ ဂရမ်လူမှုကွန်ယက်တွေမှာ သတင်းအမှားဖြန့်ဝေနေပါတယ်။
■ သတင်းအမှားပျံ့နှံ့မှု ■
“စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာမှာ ပဒက်တွေစုဝေးနေတာကို တာဝန်သိပြည်သူတစ်ဦးက နေရာနဲ့တကွ သတင်းအတိအကျပေးလို့ တိုက်ခိုက်ချေမှုန်းခဲ့တာ အကြမ်းဖက်ပဒက်တွေ အတုံးအရုန်းငရဲကျကုန်တယ် (မူရင်းရေးသား ချက်အတိုင်း)” ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုအစဥ်တစိုက်ထောက်ခံရေးသားနေတဲ့ Subscribers ၆၁,၀၀၀ ကျော်ရှိ ဘညွန့်တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၁ ရက် နေ့လယ် ၁၁ နာရီ ၂၄ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဇူလိုင် ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၂၃,၀၀၀ ကျော် Reaction ၂၂၉ ခုနဲ့ မှတ်ချက် ၁၆ ခု ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကနေလည်း “ယနေ့နံနက်ပိုင်းလင်း တလူးရွာရှိ အကြမ်းဖက် PDF စခန်းအား ရှင်းလင်းချေမှုန်းခဲ့ရာ အကြမ်းဖက် PDF အများအပြားသေဆုံး (မူရင်း ရေးသားချက်အတိုင်း)” ဟုဆိုကာ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscribers ၁၇၈,၀၀၀ ကျော်ရှိ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဇူလိုင် ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းအထိ ကြည့်ရှုသူ ၃၃,၇၀၀ ကျော် Reaction ၇၈၈ ခုရှိခဲ့တာ ဖြစ်ပါတယ်။
သတင်းမှားဖော်ပြမှုတွေကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဘညွန့် တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု – https://archive.ph/rVlFe
မှိုင်းဝေ တယ်လီဂရန်ချန်နယ် မှ ဖော်ပြမှု – https://archive.ph/I5Shu
အဆိုပါအကြောင်းအရာ တယ်လီဂရန်လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေတဲ့ သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။
■ သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက် ■
အကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖော်ပြချက်မှာပါဝင်တဲ့ လင်းတလူးရွာဆိုတဲ့ နေရာဖော်ပြချက်ကို အသုံးပြုပြီး Google မှာ “လင်းတလူးရွာ” စာသားနဲ့ရှာဖွေကြည့်ရာ “BBC Burmese” သတင်းဌာန Facebook စာမျက်နှာမှာ “လင်းတလူး လေကြောင်းတိုက်ခိုက်ခံရမှု လူနှစ်ဒါဇင်ကျော် သေဆုံး” ဆိုတဲ့ သတင်းကိုတွေ့ရှိရပြီး “စစ်ရှောင်တွေခိုလှုံနေတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့” တယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
ဆက်လက်ပြီး Google မှာ “လင်းတလူးရွာ” ဆိုတဲ့စာသားနဲ့ ထပ်မံရှာဖွေကြည့်ရာမှာ BBC Burmese မှ ဖော် ပြချက်အပြင် အခြားလွတ်လပ်တဲ့သတင်းဌာနတွေကလည်း အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး သတင်းဖော်ပြထားကာ အဲ့ဒီဖော်ပြချက်တွေအရ ၂၀၂၅ ဇူလိုင် ၁၁ ရက် မနက်အစောပိုင်းမှာ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာ၊ မဟာသစ္စဝါဒီကျောင်းတိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဆိုပါကျောင်းတိုက်မှာ လာရောက်စစ်ရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေ သေဆုံး ထိခိုက်ကြောင်း ဖော်ပြကြပါတယ်။
လွပ်လပ်တဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေကို အောက်ပါလင်ခ့်တွေမှာ ကြည့်ရှုနိုင်ပါတယ် –
လင်းတလူး လေကြောင်းတိုက်ခိုက်ခံရမှု လူနှစ်ဒါဇင်ကျော် သေဆုံးကြောင်း BBC Burmese မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် သတင်းဖော်ပြချက် – သတင်းကြည့်ရန်
ဝါတွင်းကာလမှာ စစ်ကောင်စီက ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရကြောင်း CJ Platform မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်တွင် သတင်းဖော်ပြချက် – သတင်းကြည့်ရန်
စစ်ရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲခဲ့ကြောင်း The Irrawaddy – Burmese Edition မှ ရုပ်သံသတင်းဖော်ပြချက် – သတင်းကြည့်ရန်
ဒါကြောင့် လင်းတလူးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဟာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖော် ပြနေတဲ့ PDF စခန်းကို တိုက်ခိုက်တယ်ဆိုတဲ့ ဖော်ပြချက်ဟာ သတင်းအမှားတခုသာ ဖြစ်ပါတယ်။
■ သတင်းအမှားဖြန့်ဝေနေတဲ့ အကောင့်များအား စိစစ်ချက် ■
သတင်းအမှားဖြန့်ဝေနေတဲ့ ဘညွန့် တယ်လီဂရမ်ချန်နယ်နဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်တို့ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေးအမုန်းစကားတွေနဲ့သတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားဝါဒဖြန့်နေတဲ့ ချန်နယ်တခုဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
ဘညွန့် တယ်လီဂရန်ချန်နယ် – https://archive.ph/AKuGk
မှိုင်းဝေ တယ်လီဂရန်ချန်နယ် – https://archive.ph/0nO5G
ဘညွန့် တယ်လီဂရမ်ချန်နယ်နဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းအမှားတွေနဲ့ အမုန်းစကားတွေကို အစဉ်တစိုက်ဖြန့်ဝေနေတာဖြစ်ပြီး ၎င်းချန်နယ်တွေ ယခင်ကဖြန့်ဝေခဲ့တဲ့ သတင်းအမှားတွေထဲက Myanmar Fact-checking Network – MFCN ကနေ စိစစ်ဖော်ပြထားတဲ့ သတင်းအမှားအကြောင်းအရာတချို့ကို အောက်ပါ လင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
ဘညွန့် တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု – https://shorturl.at/RzdMu
မှိုင်းဝေ တယ်လီဂရန်ချန်နယ် မှ ယခင်က သတင်းအမှားဖော်ပြမှု – https://shorturl.at/yxyEF
■ သုံးသပ်ချက် ■
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ရှောင်အရပ်သားတွေနေထိုင်ရာနေရာတွေနဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်ခိုက်တိုက်ခိုက်မှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် စစ်ရေးပစ်မှတ် PDF တွေ ဖြစ်ကြောင်း သတင်းတု၊ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံဖန်တီးကာ ဖြန့်ဝေလေ့ရှိပါတယ်။
အခုဖြစ်စဉ်မှာဆိုရင်လည်း စစ်ကောင်စီတပ်က စစ်ရေးနဲ့သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာ စစ် ရှောင်ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ မှုတွေအပေါ် ဖုံးကွယ်နိုင်ဖို့အတွက် သေဆုံးသူတွေမှာ အရပ်သားတွေမဟုတ်ဘဲ စစ်ရေးပစ်မှတ် PDF တွေလို့ လုပ်ကြံဖန်တီး ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူမယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။