တန့်ဆည်၊ ဇွန် ၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးတပ်တွေကို ဇွန် ၂ ရက် ညနေပိုင်းမှာ ဒေသခံတွေက ကြိုဆိုခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAဆီက သိရပါတယ်။
ဇွန် ၂ ရက် မနက် ၅ နာရီကျော်မှာ အက်တောရွာစစ်ကောင်စီအထိုင်စခန်းကနေ သဲကုန်းကျေးရွာကိုထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PLAနဲ့မဟာမိတ်တွေကတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ပွင့်ဗိုလ် ၁ ဦးအပါ ၈ ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၂ လက်ရရှိခဲ့ပါတယ်။
အဆိုပါတိုက်ပွဲမှာပါ၀င်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၊ တန့်ဆည်မြို့နယ် ပကဖ၊ တိုက်နယ် (၂) ပကဖ နဲ့ရေဦးပကဖ က ရဲဘော်တွေကို ပြန်ရာလမ်းတလျှောက်ရှိ ဒေသခံပြည်သူတွေကကြိုဆိုခဲ့တာလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။
ဒါ့အပြင် PLAအနေနဲ့လည်း ပြည်သူတွေအပေါ်ကာကွယ်ပေးနိုင်တဲ့အတွက် ၀မ်းသာကြောင်းနဲ့ အခုလို ကြိုဆိုဂုဏ်ပြုတဲ့အပေါ်ကျေးဇူးတင်ကြောင်းကိုလည်း ရဲဘော်နီနီကျော်ကပြောပါတယ်။
တည်းဖြတ် – HP