myaelatt athan

Sharing Information to the Local

သင်တန်းမတက်ပါက ကိုယ်တိုင်မီးရှို့မည်ဟု ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝခြိမ်းခြောက်

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာမှာ ပြုလုပ်မယ့် ပျူစောထီးသင်တန်းကို လာမတက်တဲ့ကျေးရွာကို ကိုယ်တိုင်မီးရှို့မယ်လို့ ပျူစောထီးခေါင်းဆောင်ဝါသဝက ကျေးရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်က တင်ငုတ်ကြီးကျေးရွာပြုလုပ်တဲ့အစည်းအဝေးကနေ ကျေးရွာသားတွေကို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

“တအိမ်တယောက် မဖြစ်မနေတက်ရမယ်။ အဝေးမှာသွားပြီး အလုပ်လုပ်ကိုင်နေတဲ့ ကျေးရွာက လူငယ်တွေကိုလည်း ပျူသင်တန်းတက်ဖို့ဖိအားပေးပြီး ပြန်ခေါ်ခိုင်းတယ်။ ပြန်မလာတဲ့ လူငယ်တွေရှိရင် ရွာမှာကျန်နေတဲ့မိသားစုဝင်တွေကို ဖမ်းမယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၉ ရက်ကလည်း ကန့်ဘလူမြို့နယ် ယောရွာကဒေသခံ‌တွေကို ရွာနီးချင်း လယ်လှရွာသား ပျူစောထီးခေါင်းဆောင် ကိုကျော်ညွှန် ဆိုသူနဲ့အဖွဲ့က ပျူစောထီးသင်တန်းတက်ဖို့ ခြိမ်းခြောက်ခဲ့သေးတယ်လို့ ကျေးရွာသားတဦးက ဆိုပါတယ်။

မှော်တော်ကျေးရွာ ဘုန်းကြီးဦးဝါသဝကို စစ်တပ်ကလက်နက်တပ်ဆင်ပေးထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်က မြကန်သာရွာနဲ့ဒီဇင်ဘာလ ၅ ရက်က ဝက်တိုးမအုပ်စု ဝက်တိုးမရွာမှာ ပြုလုပ်တဲ့ ပျူစောထီးသင်တန်းဆင်းပွဲကို ကိုယ်တိုင်ဦးဆောင်ကာ ပြုလုပ်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။