myaelatt athan

Sharing Information to the Local

နေအိမ်မီးရှို့ခံလိုက်ရပြီးနောက် အိမ်ရှင်အမျိုးသား ကြိုးဆွဲချသေဆုံး

0
0

မကွေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စသိန်းရွာကအမျိုးသားတဦး ဒီဇင်ဘာလ ၂၀ ရက်ဒီမနက်ပိုင်းမှာ ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် ၅၄ နှစ်အရွယ် ဦးဌေးမောင်ဦးဖြစ်ပြီး သူဟာ ရွာအနီးရှိလယ်ပြင်မှာနွားကျောင်းနေခဲ့ပြီးနောက် ဒီကနေ့ညပိုင်းအထိ နေထိုင်တဲ့နေရာကိုပြန်မရောက်တာကြောင့် လိုက်လံရှာဖွေချိန် အဲ့ဒီနေရာအနီးရှိ ဇီးဖြူပင်ပေါ်မှာ ကြိုးဆွဲချသေဆုံးနေတာကိုဒီညနေ ၆ နာရီလောက်မှ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်သားတွေ အိမ်မီးရှို့ခံရပြီးကတည်းကနေစရာလည်းမရှိတော့ဘူးဆိုပြီး စိတ်ဓါတ်ကျတယ်လို့ ခဏခဏပြောနေတာ။ အဲလောက်ထိလုပ်မယ်လို့တော့ မထင်ဘူး”လို့ ဦးဌေးမောင်ဦးရဲ့ ညီဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၁၀၁ စစ်ကြောင်းဟာ စသိန်းရွာကိုစစ်ကြောင်းထိုးမီးရှို့ချိန်မှာ ဦးဌေးမောင်ဦးတို့နေအိမ်လည်း မီးထဲပါသွားပြီး အဲ့ဒီကစလို့ စိတ်ဓါတ်ကျတဲ့အခြေအနေဖြစ်ပေါ်နေတာလို့လည်း သိရပါတယ်။

သူသေဆုံးချိန်မှာ အသက် ၅၄ နှစ်အရွယ် လေဖြတ်ထားတဲ့ဇနီးသည်ကျန်ခဲ့တယ်လို့သိရပြီး၊ သူ့ရုပ်အလောင်းကိုတော့ ဒီဇင်ဘာလ ၂၁ ရက်မှာသင်္ဂြုလ်သွားမယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။