myaelatt athan

Sharing Information to the Local

ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေနတ်ထိမှန်

0
0

မြေလတ်အသံ၊‌ မတ် ၃၀၊ ၂၀၂၂။

ပုသိမ်-မုံရွာလမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီကား ၆စီးဟာ မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းကျေးရွာအရောက်မှာ လမ်းဘေးတလျှောက်လူနေအိမ်တွေကို ကားပေါ်က ရမ်းသမ်းပစ်ခတ်သွားလို့ ပြည်သူ ၃ဦး သေနတ်ထိမှန်ပြီး ဆေးကုသနေရပါတယ်။

မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာဘက်ကနေ ရခိုင်ပြည်နယ် အမ်းဘက်ကို သွားတဲ့ အဲ့ဒီစစ်ကောင်စီ ကားတွေဟာ မတ်လ ၂၈ရက် က ပဒါန်းကျေးရွာကို ဖြတ်သွားချိန် ကားမောင်းနေရင်းပဲ ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

” အဲ့ဒီပစ်ခတ်မှုကြောင့် ငဖဲမြို့နယ် ကုန်းသာရွာက စျေးလာဝယ်တဲ့ ပြည်သူ အမျိုးသား ၂ဦးနဲ့ ပဒါန်းက အမျိုးသမီး ၁ဦး စုစုပေါင်း ၃ဦးမှာ အမျိုးသား ၂ဦးက ခြေသလုံး ကျည်ထိတယ် အမျိုးသမီးကတော့ ခြေဖနောင့်ထိပြီး မင်းဘူးဆေးရုံကို လွှဲလိုက်ပြီး ဆေးဝါးကုသနေရတယ်၊ ပဒါန်းမှာ ရှိမရှိမသိရဘူး “ လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် လူ၃ဦး သေနတ်ထိမှန်တာအပြင် လမ်းဘေးတောက်‌လျှောက်က လူနေအိမ်တွေနဲ့ ဆိုင်တွေ ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

“ပဒါန်း နပခ( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကြားစခန်း) နားတစ်ဝိုက်နဲ့ လမ်းဆုံမီးပွိုင့် ယာဉ်ထိန်းရုံးလည်းကိုမှန်တယ် ပြီးတော့ သဇင်တည်းခိုခန်းခြေရင်း အပျိူကြီးဈေးဆိုင် က မှန်ဘီရိုမှန်တယ်မှန်ကွဲတယ် ရေခဲသေတ္တာ မှန်တယ်” လို့ ပြောပါတယ်။

မင်းဘူးမြို့နယ် ပန်းတောင်းကျေးရွာနဲ့ ငဖဲမြို့နယ် ပဒါန်းကျေးရွာကြားထဲမှာ အဲ့ဒီစစ်ကောင်စီ ကား ၆စီး မိုင်းဆွဲခံရတယ်လို့ သတင်းရရှိထားပြီး အဲ့ဒီကိစ္စကြောင့် ပဒါန်းကျေးရွာကို ဖြတ်သွားချိန်မှာ ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ အဲ့ဒီဒေသခံကပဲ ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။