သာယာကုန်းပင်မဓာတ်အားခွဲရုံ ဒရုန်းဗုံးချခံရ၊ EPC ဝန်ထမ်း ၃ ဦးဒဏ်ရာရပြီး ဓာတ်အားပေးစက်တွေပျက်စီး

0 1
0 1

ညောင်လေးပင်၊ ဧပြီ ၅၊ ၂၀၂၃။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းရွာအနီးက စစ်ကောင်စီ EPC ပင်မ ဓာတ်အားခွဲရုံ ဧပြီလ ၄ ရက် မနေ့ည ၉ နာရီခွဲခန့်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သာယာကုန်းပင်မဓာတ်အားခွဲရုံပေါ်ကို ဒရုန်းဗုံး ၈ လုံးထက်နည်း ပစ်ချတိုက်ခိုက်ခံခဲ့ရပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် EPC ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိကာ လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းတွေ ထိခိုက်ပျက်စီးသွားတယ် ဒေသခံတဦးက ပြောပါတယ်။

“မနေ့ညက ဓာတ်အားခွဲရုံး ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ မီးပြတ်သွားတာတယ်။ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရသွားတာလည်း ဟုတ်ပါတယ်။ အဲဒီဓာတ်အားခွဲရုံက ပိန်းဇလုပ်ဘက်နဲ့ကပ်နေပြီး ဓာတ်အားခွဲရုံကတော့ ကြီးပါတယ်။ ဗုံးတွေက လျှပ်စစ်မီးပေးတဲ့စက်တွေပေါ်ကို ကျပြီးပေါက်ကွဲတယ်” လို့ ပြောပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ ရုံးအဆောက်အဦးတွေအပါအဝင် ဓာတ်အားပေးနေတဲ့စက်နဲ့ ထရန်စဖော်မာအကြီးအချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက် EPC ဌာနကတော့ အဲ့ဒီဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်း ဗို့အားမြင့်လျှပ်စစ်ပစ္စည်းတွေပျက်စီးပြီး ဓာတ်အားစနစ်တခုလုံးဓာတ်အားပြတ်တောက်မှု(System Break down) ဖြစ်ပေါ်ကာ တနိုင်ငံလုံးဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့တယ်လို့ လူမှုကွန်ယက်မှာ ရေးသားထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်တာမျိုးမရှိသလို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

မတ်လ ၃၁ ရက်နေ့ညပိုင်းကလည်း ကျောက်တံခါးမြို့နယ် စစ်ကောင်စီအထွေထွေအုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းတို့ ဒရုန်းဗုံး ၆ လုံးချ တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုတွေကြောင့် ရုံးနဲ့ရဲစခန်းအဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။