ရွှေဘို၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ – NUG ဖွင့်လှစ်ထားတဲ့ မူလတန်းလွန်ကျောင်းတခုကို မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့ စာရေးကိရိယာတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။


၂၂၂၂၂ အဖွဲ့က လှူဒါန်းပေးခဲ့တဲ့ စာရေးကိရိယာတွေကို ဖေဖေါ်ဝါရီလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းမှာပဲ အဖွဲ့ကိုယ်စား သွားရောက်ပေးအပ်ခဲ့တာလို့ Eagle Guerrilla Force တပ်ခွဲ ၁ က ပြောပါတယ်။


အဲ့ဒီ မူလွန်ကျောင်းက ကျောင်းသား၊ကျောင်းသူ ၄၅ ဦးအတွက် ၁ ဦးကို စာအုပ် ၁ ဒါဇင်နဲ့ ခဲတံ ၁ ဒါဇင်၊ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ ၅ ဦးအတွက် ၁ ဦးကို ကျပ် ၅ သောင်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။