myaelatt athan

Sharing Information to the Local

တောမီးကနေ ပြည်သုဿန်အမှိုက်ပုံကို မီးကူးဆက်လောင်လို့ ပလုံကောက်သူတွေနေအိမ် ၇ လုံး ဆုံးရှုံး

0
0

ပြည်၊ မတ် ၁၅၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ အေးငြိမ်းရာသုဿန်အနောက်တောစပ်မှာ တောမီးလောင်ရာက သုဿန်အမှိုက်ပုံကို မီးကူးဆက်လောင်ကျွမ်းလို့ နေအိမ် ၇ လုံးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၄ ရက် မနေ့ညနေ ၃ နာရီခန့်မှာ တောမီးစတင်လောင်ခဲ့တာဖြစ်ပြီး အဆိုပါတောမီးကတဆင့် သုဿန် အနီးအမှိုက်ပုံကို မီးကူးစက်ရာက အမှိုက်ပုံအနီးတဲထိုးနေထိုင်တဲ့ ပလုံကောက်သူတွေရဲ့ နေအိမ်တွေကိုပါ ဆက်လက်မီးလောင်ခဲ့တာလို့ ဆိုပါတယ်။

” မီးလောင်မှုအားကောင်းတယ်။ သူတို့အမှိုက်ကားကနေ ရှာဖွေပြီးပြန်ရောင်းဖို့စုထားတာလေးတွေပါသွားတာ။ ပေးချေရမဲ့ငွေတွေ ပစ္စည်းတွေပါသွားတယ်” လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်မှုကို မွတ်ဆလင်နဲ့ခရစ်ယာန်သင်္ချိုင်းတွေက ရေအကူအညီနဲ့ ပရဟိတကား၊ မီးသတ်ကားတွေက လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့် ယမန်နေ့ညပိုင်းအထိ အပြီးသတ်မီးမငြိမ်းသေးဘဲ အမှိုက်ပုံတွင်း တငွေ့ငွေ့လောင်ကျွမ်းနေလို့ အလုပ်သမားတွေအလှည့်ကျ မီးကင်းစောင့်ခဲ့ရတယ်လို့ သိရပါတယ်။

” မီးခိုးလုံးတေပိတ်မှောင်နေတာဘဲ။ အရှည်နှစ်မိုင်နီးပါးလောင်ကျွမ်းတယ် “ လို့ ၎င်းက ပြောပါတယ်။

တောမီးနဲ့အမှိုက်ပုံမီးကို ဒီကနေ့မတ် ၁၅ ရက်မနက်ပိုင်းမှာ မီးညွှန့်ကျိုးသွားပေမယ့် အမှိုက်ပုံတွင်း လှိုက်ပြီးလောင်နေဆဲဖြစ်ကာ ပြည်မြို့ အေးငြိမ်းရာသုဿန်အနီးအမှိုက်ပုံဟာ ပြည်မြို့တခုလုံးက နေ့စဥ်စွန့်ပစ်အမှိုက်တွေ စုပုံရာနေရာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ – မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ ပါရမီ – Pyay Rescue။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။