myaelatt athan

Sharing Information to the Local

ပန်းတောင်းနယ်ထဲက ညောင်ကျိုးဗျူဟာစခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း AA ထုတ်ပြန်လာ

0
0

မြေလတ်အသံ၊ ဧပြီ ၆၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ရခိုင်ပြည်နယ်အစပ်၊ ပန်းတောင်း-တောင်ကုတ်လမ်းပိုင်း၊ ရခိုင်ရိုးပေါ်ရှိ ညောင်ကျိုးဗျူဟာစခန်းကို အလုံးစုံတိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် – AA က ဧပြီ ၅ ရက် ယမန်နေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မတ် ၁၇ ရက်က စတင်ကာ အဆိုပါဗျူဟာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၆ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဗျူဟာစခန်းသိမ်းပိုက်နိုင်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေတွေကိုတော့ အာရက္ခတပ်တော်-AA ဘက်က ထုတ်ပြန်ဖော်ပြထားတာမတွေ့ရပါဘူး။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆက်လက်တိုက်ခိုက်နိုင်ခဲ့ပေမယ့် အဆိုပါနေ့မှာထုတ်ပြန်ခဲ့တဲ့ တဖက်သတ်အပစ်ရပ်ထုတ်ပြန်ချက်ကို လေးစားလိုက်နာတဲ့အနေနဲ့ ဆက်လက်ထိုးစစ်ဆင်မှုတွေမလုပ်တော့ဘဲ ရပ်တန့်လိုက်တာလို့ AA က ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဧပြီ ၅ ရက် ယမန်နေ့ ညနေ ၄ နာရီခန့်မှာ ရခိုင်ရိုးမတောင်တန်းတွေပေါ်က AA တပ်ဖွဲ့ဝင်တွေရှိရာနေရာတွေကို Y 12 လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းတို့ရဲ့ တဖက်သတ်အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်နေတယ်လို့ AA က ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။