0
မြေလတ်အသံ၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။
- ပျူစောထီးသင်တန်းမတက်ပါက ကိုယ်တိုင်မီးရှို့မည်ဟု ပျူစောထီးခေါင်းဆောင် ဘုန်းကြီးဝါသဝ ခြိမ်းခြောက်
- ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ၂ ပါးဇာတိရွာအပါအဝင် နေအိမ် ၇၀၀ ကျော်ကို စစ်ကောင်စီကမီးရှို့
- CDM ဝန်ထမ်းတွေ ဘဝနေထိုင်မှုခက်ခဲနေပြီး အချို့က ကျောက်ကပ်ထုတ်ရောင်းဖို့ထိ စဥ်းစားလာနေ
- ကားထဲမှာဘီယာသောက်နေတဲ့ ရဲတွေတိုက်ခိုက်ခံရလို့ အရာရှိတဦးအပါ ၄ဦးသေဆုံး
- ပြည်ခရိုင် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်းနဲ့ဇနီးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်
- ရေစကြိုနယ်က PDF စခန်းငယ်တခုအသိမ်းခံရပြီး လက်နက်တွေပါဆုံးရှုံး
- စစ်ကိုင်းတိုင်း ၊ မြောင်မြို့နယ်ထဲမှာ PDF တစ်ဦးဖမ်းဆီးနှိပ်စက်ခံရပြီး ထွက်ပြေးဖို့ကြိုးစားချိန် ပစ်သတ်ခံလိုက်ရ
- ပဲခူးတိုင်းအနောက်ခြမ်းမှာ ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီက ငွေတောင်းကြမ်းနေလို့ ဒေသခံတွေ ခက်ခဲနေ
- မြောင်မြို့နယ်က ဖွားစောရွာကို စစ်တပ်ကထပ်မံဝင်ရောက်မီးရှို့တာကြောင့် ရွာခံပြည်သူတွေ ထွက်ပြေးနေရ
- မုံရွာမြို့မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ရဲ၃ဦး စောင့်ပစ်ခံရလို့ တဦးသေဆုံး
- ခင်ဦးက ပြည်သူ ၆ သောင်းကျော် နေစရာနဲ့ စားနပ်ရိက္ခာအပြင် အနွေးထည်တွေ လိုအပ်နေ
- ပေါက်တောင်ပိုင်းပြောက်ကျားတပ်က ဒေသခံတွေရဲ့ကျန်းမာရေးကို နယ်လှည့်ကုသပေးနေ